
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ရှိ အ.ထ.က(ကွမ်းမိုးဒိန်း) ကျောင်း တွင်းရှိ ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချသောအသင့်စားမုန့်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိနှင့်ဘေးအန္တာရာယ်ကင်းရှင်းသောအစားအသောက်များရောင်းချရေးတို့အတွက် စားသုံးသူရေးရာဦးစီးဌာန၊အ.ထ.က (ကွမ်းမိုးဒိန်း)ကျောင်း၊ ကျောင်း အုပ်ဆရာမကြီးနှင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အောက်တိုဘာ လ(၁၇)ရက်နေ့၊နေ့လည်(၁၂:၀၀)နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသော ဒေါ်တင်မိုးခိုင်၊ ဒေါ်သန်းဌေးတို့၏ မုန့်ဆိုင်တွင် ရောင်းချနေသော အသင့်စားမုန့်အမျိုးမျိုး၊ အသင့် သောက်အချိုရည်များတွင် ကုန်အညွှန်းအမှတ်အသားများ (မြန်မာဘာသာဖြင့် ဖော်ပြထားခြင်း ရှိ/မရှိ၊ သက်တမ်းလွန်မုန့်များ ရောင်းချမှုမရှိစေရေးနှင့်သစ်သီးများ လက်သုတ်စုံများတွင် ယင်နားစာများ မဖြစ်စေရေးတို့ကို စစ်ဆေးခဲ့ကြပြီး စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ က ဈေးဆိုင်ရှင်များအား မိမိတို့ရောင်းချနေသော မုန့်များတွင် ကလေးငယ်များ အန္တရာယ်ဖြစ်စေ နိုင်သော မုန့်များအား ရောင်းချမှုမပြုလုပ်ကြရန်နှင့် သန့်ရှင်းလတ်ဆတ်သော အသီးအနှံများကို သာရောင်းချကြရန်၊ လက်သုတ်စုံများတွင် ယင်မနားစေရေး၊ ဖုံးအုပ်ထားကြရန်တို့ကို အသိပညာ ပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
