
၂၁.၁၀.၂၀၂၅ ရက်နေ့တွင် သထုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံး၌ ခရိုင်ဦးစီးမှူး ဦးထွန်းအောင်ဖြူနှင့် ဦးစီးအရာရှိ ဦးအောင်ကျော်မင်းတို့သည် “Kosmos” Page အမည်ဖြင့် အွန်လိုင်းလုပ်ငန်းလုပ်ကိုင်နေသော လုပ်ငန်းရှင် ဒေါ်သက်ထားဝေလွင်နှင့် တွေ့ဆုံ ခဲ့ပါသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် အွန်လိုင်းစနစ်ဖြင့်ရောင်းခြင်းလုပ်ငန်းအား အရေးကြီး ဝန်ဆောင်မှုလုပ်ငန်းအဖြင့် သတ်မှတ်ထုတ်ပြန်ခဲ့ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေတွင် ပါဝင်သော ကုန်အညွှန်းအမှတ်အသားများနှင့် ပတ်သက်၍ ပါဝင်သောအချက်များ၊ အွန်လိုင်း ရောင်းချခြင်းအတွက် အွန်လိုင်းမှတ်ပုံတင်ပြုလုပ်ရန်နှင့် မှတ်ပုံတင်ခြင်း၏ အကျိုးရလဒ်များ၊ လိမ်လည်မှုပုံစံ (၂) မျိုးအကြောင်း၊ တိုင်ကြားနိုင်မှုနှင့် အရေးယူဆောင်ရွက်နိုင်မှုအကြောင်း၊ ဖြေရှင်းနိုင်မည့်နည်းလမ်းများအား ဆွေးနွေးခဲ့ပါကြောင်း သိရှိရပါသည်။
DOCA (မွန်)
