
၂၁.၁၀.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်း မြို့နယ်တာဝန်ခံ ဒေါ်ဇင်ဖြူဝင်းသည် ဘီးလင်းမြို့၊ ဘိုးရာဇာရပ်ကွက်ရှိ ဓနတိုး ဆန်ဆိုင်/ ဆန်သိုလှောင်ရုံသို့ သွားရောက်၍ ဆန်သိုလှောင်ရုံအား MyRO တွင်မှတ်ပုံတင်ခြင်း ဆောင်ရွက်နိုင်ရန် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာတွင် ဆန်သိုလှောင်ရုံပိုင်ရှင် ဒေါ်အိအိဖြိုး၏ ဆန်သိုလှောင်ရုံအား MyRO တွင်မှတ်ပုံတင်ရန်အတွက် လိုအပ်သည့်အချက်အလက်များအား မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ အသိပေးဆွေးနွေးပြီး ဆန်သိုလှောင်ရုံ၏ သိုလှောင်ထားမှုအခြေအနေ၊ ဆန်ဈေးနှုန်းတည်ငြိမ်မှု ရှိ/မရှိနှင့် ဆန်ရောင်းဝယ် ဖောက်ကား မှုအခြေအနေများအား မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (မွန်)
