သထုံမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင်ရောင်းချနေသော “အသင့်သောက်အချိုရည်အမျိုးမျိုး” အား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

   ၁၇.၁၀.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ သထုံမြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နှင့် ပူးပေါင်း၍ သထုံမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော အသင့်သောက်အချိုရည် အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော အသင့် သောက်အချိုရည်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်း ရှိ/မရှိ၊ အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်း ရှိ/မရှိ စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိသော အသင့်သောက်အချိုရည်အမျိုးမျိုးကိုသာရောင်းချနေကြောင်း သိရှိရပါသည်။

DOCA (မွန်)