သထုံမြို့နယ်တွင် ဆန်၊စပါးသိုလှောင်ရုံများအား MyRoတွင် မှတ်ပုံတင်ခြင်း သက်တမ်းတိုးဆောင်ရွက်ရန် ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ၁၇.၁၀.၂၀၂၅ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူး ဦးထွန်းအောင်ဖြူ၊ ဦးစီးအရာရှိ ဦးအောင်ကျော်မင်းနှင့် ဒု-ဦးစီးမှူး ဦးစည်သူတို့သည် ဆန်၊ စပါးသိုလှောင်ရုံများအား MyRo တွင် မှတ်ပုံတင်ခြင်း သက်တမ်းတိုး ဆောင်ရွက်ရန် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

    ထိုသို့ ကွင်းဆင်း‌ဆောင်ရွက်ရာတွင် သထုံမြို့၊ ပေါ်တော်မူကျေးရွာရှိ ဒေါ်အေးခင် ပိုင်ဆန်စက်နှင့် သိုလှောင်ရုံအား MyRo တွင်မှတ်ပုံတင်သက်တမ်းတိုးဆောင်ရွက်ရန်၊ ဆန်၊ စပါး ဝင်/ထွက် လက်ကျန်စာရင်းအား လစဉ်ပုံမှန် ဖြည့်သွင်းရန်၊ ဆန်၊ စပါး သိုလှောင်ထားရှိမှု အခြေ အနေ၊ ဆန်ဈေးနှုန်းတည်ငြိမ်မှု ရှိ/မရှိ၊ ဈေးကွက်၊ ဈေးနှုန်းနှင့် ဆန်/စပါး ရောင်းဝယ်ဖောက်ကားမှုအခြေအနေများအား ကွင်းဆင်းမေးမြန်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

        DOCA (မွန်)