
မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ မိုးကောင်းကျေးရွာအုပ်စု၊ ကင်မွန်းချုံရွာ၌ ဒေသထွက် ကုန်ဖြစ်သော ထက်နဂါးယိုစုံလုပ်ငန်းသို့ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးထွန်းအောင်ဖြူ၊ ဦးစီးအရာရှိ ဦးအောင်ကျော်မင်းနှင့် ဒု-ဦးစီးမှူး ဦးစည်သူတို့သည် (၁၆.၁၀.၂၀၂၅)ရက် နေ့လည် (၁၂း၀၀)နာရီတွင် သွားရောက်တွေ့ဆုံခဲ့ပါသည်။
ဒေသထွက်ကုန်ယိုစုံဖြစ်သော ထက်နဂါးယိုမျိုးစုံလုပ်ငန်းမှ သရက်ယို၊ မရမ်းယို၊ ကတွတ်ယို၊ ရှောက်ယို၊
ဇောင်းလျှားယို၊ ခရမ်းချဥ်သီးယို၊ နာနတ်ယို၊ ဇီးယိုနှင့် ဒူးရင်းယိုတို့ ထွက်ရှိပြီး တစ်နေ့လျှင် ကုန်ထုတ်မှု (၂၅) ပိဿာခန့်ရှိပါသည်။ တစ်နေ့လျှင် ဖြန့်ဖြူးမှု ပမာဏမှာ ပျမ်းမျှအားဖြင့် (၁၅) ပိဿာမှ (၃၀) ပိဿာထွက်ရှိပြီး မော်လမြိုင်၊ မုဒုံ၊ ရေး၊ ကျိုက်ထို၊ ဘားအံ၊ ရန်ကုန်နှင့် သထုံမြို့တို့တွင် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA (မွန်)
