
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ဒေသတွင်းနှမ်းမျိုးနှင့် စားသုံးဆီဖူလုံပိုလျှံစေရေး အတွက် မိုးနှမ်းစိုက်ခင်း (၃၅) ဧကလျာထာစိုက်ပျိုးလျက်ရှိရာ နိတုံကျေးရွာ၌ သိပ္ပံနည်းကျ တန်းဆွဲစနစ်ဖြင့် စိုက်ပျိုးထားသော နှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ ဒေသခံ တောင်သူများ စားသုံးဆီပိုလျှံနေကြောင်းသိရသည်။
အဆိုပါ နှမ်းများကို သိပ္ပံနည်းကျ တန်းဆွဲစနစ်ဖြင့် စိုက်ပျိုးကြပြီး ထယ်ရေး ကောင်းမွန်စွာ မြေပြင်ပြီး မိမိတို့လိုအပ်သော အပင်ကြား၊ အတန်းကြား ရရှိရေး နွားထွန်ဖြင့် ထွန်ကြောင်း၊ အကျယ်ပေးပြီးနို့ဆီဗူးအခွံဖြင့် ပြုလုပ်ထားသည့် နှမ်းစိုက်ကိရိယာြဖင့် စိုက်ပျိုးရကြောင်း တန်းဆွဲစနစ်ဖြင့် စိုက်ပျိုးခြင်းသည် ပေါင်းပေါက်စရိတ် သက်သာစေပြီး တစ်ဧက အပင်ဝင်ဆန့်မှု ပြည့်မီရေး နှမ်းပင်များ သားခွဲရာတွင်လည်းကောင်း ပေါင်းမြက်များ ရှင်းလင်းရာတွင်လည်းကောင်းလွယ်ကူပြီးလိုအပ်သည့်အခါရေသွင်းရာ၌ထိန်းညှိသွင်းနိုင်သဖြင့်အပင် ဖြစ်ထွန်းမှုကောင်းမွန်ပြီး အထွက်နှုန်းလည်း ကောင်းမွန်ကြောင်း နှမ်းစိုက်တောင်သူများ ထံမှသိရသည်။
ကျိုက်မရောမြို့နယ်တွင် ဒေသတွင်းဆီထွက်သီးနှံဖူလုံရေးအတွက် မိုးနှမ်းအပြင် မိုးမြေပဲများကိုလည်း စိုက်ပျိုးကြသဖြင့် ဒေသတွင်း စားသုံးဆီဖူလုံမှုရှိကြောင်း နှမ်းမျိုးနှင့် မြေပဲမျိုးများကိုလည်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝယ်ယူပြီး နည်းပညာများကိုလည်း စိုက်ပျိုးရေးဌာနမှ ဝန်ထမ်းများကကူညီ ပံပိုးလျက်ရှိကြောင်း သိရသည်။
DOCA (မွန်)
