ပြည်ကုန်စည်ဒိုင်၏ အောက်တိုဘာ ဒုတိယပတ် ပဲမျိုးစုံဈေး

Powered by Drupal

  ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံရောင်းဝယ်လျက်ရှိပြီး မတ်ပဲ၊ ပဲစဉ်းငုံ၊ ကုလားပဲ၊ ပဲကြီး၊ စားတော်ပဲ သီးနှံများအရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

          အောက်တိုဘာ ဒုတိယပတ်တွင် မတ်ပဲတစ်တင်းကို ကျပ် (၉၀၀၀၀ - ၉၀၅၀၀) ဈေးဖြင့် ရန်ကုန် အဝယ်တစ်ရက်ကိုအိတ် (၂၅၀) ခန့် အဝယ်ရှိပါသည်။ အောက်တိုဘာ ဒုတိယပတ်တွင် ပဲစဉ်းငုံ တစ်တင်းကို ကျပ် (၈၀၀၀၀) ကျပ်ဖြင့် ဈေးကျနေခဲ့ပြီး အရောင်းအဝယ်မှာ တစ်ခါတစ်ရံ မှသာဖြစ်ပြီး အဝယ် ဖြစ်လျှင်အိတ် (၂၀၀) ခန့် အရောင်းအဝယ်ရှိပါသည်။ ကုလားပဲ (HL) တစ်တင်း ကို (၈၆၀၀၀) ကျပ်၊ မြကြေးမှုံတစ်တင်းကို ကျပ် (၉၃၀၀၀) ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားများ တစ်ရက်ကိုအိတ် (၃၀၀) ခန့် အဝယ်ရှိပါသည်။

          အောက်တိုဘာ ဒုတိယပတ်တွင် ပဲကြီး (ရွှေကျွန်း) တစ်တင်းကို (၁၂၀၀၀၀) ကျပ်၊ ပဲကြီး (ကုန်းပဲ) တစ်တင်းကို (၁၀၀၀၀၀) ကျပ်ဖြင့် ဈေးအေးနေပြီး တစ်ရက်ကို အိတ် (၃၀၀) ခန့် မြို့တွင်း ပဲကြော်သမား များ အဝယ်ရှိပါသည်။

          အောက်တိုဘာ ဒုတိယပတ်တွင် စားတော်ပဲကျွန်း တစ်တင်းကို (၂၃၀၀၀၀) ကျပ်ဖြင့် စားတော်ပဲ (ကျွန်း) ဈေးမြင့်နေပြီး မြို့တွင်းအဝယ်တစ်ရက်ကို အိတ် (၂၀ - ၂၅) ခန့်သာ အဝယ်ရှိပါ သည်။

          ပြည်ကုန်စည်ဒိုင်တွင် ပဲအရောင်းအဝယ်မှာ သွက်လျှက်ရှိပြီး တစ်ချို့ပဲများမှာ လက်ကျန် နည်းလျက်ရှိပါသည်။

DOCA(ပဲခူး)