စားအုန်းဆီ လက်လီ - လက်ကားရောင်းချသည့် “Kaung Hlyan New Asia Co. ltd”မှ ကျိုက်ထိုမြို့ အခွန်လွတ်စျေးတွင် စားအုန်းဆီလက်လီရောင်းခြင်းအား ကွင်းဆင်းကြပ်မတ်

Powered by Drupal

     ၁၇.၁၀.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ် မြောက်ပိုင်း ရပ်ကွက်ရှိ အခွန်လွတ်စျေးတွင် “Kaung Hlyan New Asia Co.ltd”မှ အပတ်စဥ် သောကြာနေ့တိုင်း နံနက် (၇း၀၀)နာရီမှ စတင်၍ စားအုန်းဆီ လူတစ်ဦးလျှင် (၁) ပိဿာနှုန်း ဖြင့် တစ်ပိဿာလျှင် (၇၂၁၁) ကျပ်ဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

      ထိုသို့ ရောင်းချလျှက်ရှိသော အခွန်လွတ်စျေးသို့ စားသုံးသူရေးရာဦးစီးဌာန ကျိုက်ထိုမြို့နယ်တာဝန်ခံမှ သွားရောက်၍ စားအုန်းဆီများ စျေးကွက်အတွင်းဖြစ်သင့် ဖြင့်ထိုက်သော စျေးနှုန်းများဖြင့် ရောင်းချစေရေး၊ စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ အလေးချိန်ပြည့်ဝမှန်ကန်စေရေး၊ အခွန်လွတ်စျေးသို့ ကွင်းဆင်းကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။

 DOCA (မွန်)