ဘီးလင်းမြို့နယ်၌ ခွေးရူးရောဂါအကြောင်း အသိပညာပေးဟောပြောခြင်းနှင့် အာဟာရ နွားနို့တိုက်ကျွေး

Powered by Drupal

      ၁၇.၁၀.၂၀၂၅ ရက်နေ့တွင်    မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ခွေးရူးရောဂါ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက ဘီးလင်းမြို့၊ အ.ထ.က(ခွဲ) လိပ်ခုံးကြီး ကျောင်း၌ ကျင်းပပြုလုပ်သည်။

            ရှေးဦးစွာ ဘီးလင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ နှင်းဝေမျိုးနိုင်က ခွေးရူးရောဂါအကြောင်း သိကောင်းစရာများနှင့် ကြိုတင် ကာကွယ်ရေးနည်းလမ်းများကို အသိပညာပေး ဟောပြောခဲ့သည်။

    ထို့နောက် ဟောပြောပွဲသို့တက်ရောက်လာကြသော ကျောင်းသား၊ကျောင်းသူများအား မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဝန်ထမ်းများက ခွေးရူးရောဂါ ကာကွယ်ရေးအသိ ပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။ ဆက်လက်၍ အာဟာရ နွားနို့တိုက်ကျွေးခြင်းကို ကျင်းပပြုလုပ်ရာ K.G တန်းမှ Grade (2) အထိ ကျောင်းသား၊ ကျောင်းသူ (၂၃၀) ဦးတို့အား  မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ ၊ ကျောင်းအုပ်ဆရာမကြီး နှင့်ဆရာ၊ ဆရာမများက အာဟာရနွားနို့များကို တိုက်ကျွေးခဲ့ကြကြောင်းသိရသည်။

         DOCA (မွန်)