နတ်တလင်းမြို့နယ် မြို့ခြံအလယ်တန်းကျောင်၌ စားသုံးသူအသိပညာပေးဟောပြော

Powered by Drupal

   ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် မူလတန်းကျောင်း၌ (၁၆.၁၀.၂၀၂၅)ရက်နေ့ နံနက် (၁၀;၀၀)နာရီတွင် စားသုံးသူရေးရာ ဦးစီးဌာန ဝန်ထမ်းများနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် ပူပေါင်း၍ အသိပညာပေးဟောပြောဆွေးနွေးခြင်းပြုလုပ်ခဲ့ပါသည်။

          ထိုသို့ ဟောပြော ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်အေးအေးဆွေက  စားသုံးသူကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့် အရေးနှင့် တာဝန်များ၊ နစ်နာဆုံးရှုံးမှုများ ရှိပါကတိုင်ကြားနိုင်သည့် နည်းလမ်းများ၊ ကုန်ညွှန်းအမှတ်အသား ဖေါ်ပြခြင်းနှင့်ပတ်သက်၍ပုဒ်မ ၄၁။ (ခ)နှင့် (ဆ)တို့တွင် ဖော်ပြထားသည့် ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သိုမဟုတ် ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သိုမဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည် ဖြစ်ကြောင်း ဆွေနွေး ဟောပြောခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန  ဦးစီးမှူး ဒေါ်ခင်သူဇာဝင်းက လူငယ်ရေးရာ အသိပညာပေး ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး နံရပ်ကပ်စာဆောင်များဖြင့်လည်းရှင်လင်းပြသခဲ့ရာ ဆရာ/ဆရာမ နှင့် ကျောင်းသားကျောင်းသူ (၂၀၀)ဦးတက်ရောက်ခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)