ဖြူးမြို့ နတ်ရေကန်မူလွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး

Powered by Drupal

တောင်ငူခရိုင်၊ဖြူးမြို့၊နတ်ရေကန်အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ စားသုံးသူ ရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် တိုင်းရင်းဆေးပညာဦးစီး ဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို အောက်တိုဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက ယင်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊တောင်ငူခရိုင်၊ ဖြူးမြို့နယ် တာဝန်ခံရုံးမှ ဌာနခွဲစာရေး ဒေါ်ခင်သန္တာဦးက စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့်ဖော်ပြရန်  ဥပဒေတွင်ပြဌာန်းထား ပြီးဖြစ်ရာ ကျောင်းသားကျောင်းသူများအနေဖြင့် မုန့်များနှင့် အချိုရည်များ ဝယ်ယူစားသောက် ရာတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသည့် မုန့်နှင့် အချိုရည် များကိုသာ ဝယ်ယူစားသောက်သင့်ပုံများကို ရှင်းလင်းပြေားကြားပါသည်။

          ထို့အတူ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်း က ကလေးသူငယ်များ အလုပ်သမားပပျောက်ရေးအကြောင်း သိကောင်းစရာများကို လည်းကောင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ဒုတိယဆေးရုံအုပ်က ကျန်းမာရေးဆိုင်ရာ သိကောင်းစရာများကို လည်းကောင်း ဟောပြောခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ကျောင်းသား / ကျောင်းသူ ၈၅ ဦး တက်ရောက်ကြောင်း သိရပါသည်။

DOCA(ပဲခူး)