
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိကြောင်းသိရပါ သည်။ စိုက်ပျိုးလျက်ရှိသော ရာသီပေါ် သီးနှံများနှင့် နှစ်ရှည်သီးနှံများဖြစ်သည့် ဩဇာသီး၊ ငှက်ပျော သီး၊ ဂွေးသီး၊ ဇီးဖြူသီး၊ မန်ကျည်းသီး၊ ရုံးပတီသိး၊ ခရမ်းသီး၊ ခရမ်းချဉ်သီး၊ ပဲတောင့်ရှည်သီး၊ ပဲလင်းမြွေသီး နှင့် အုန်းသီး စသည့်သီးနှံများကို စိုက်ပျိုးကြသည့်အပြင် သင်္ဘောသီးစိမ်းများကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက်ရောင်း ချကြကြောင်း သိရှိရသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း ရောင်းချလျက်ရှိသော သင်္ဘောသီးစိမ်း ဈေးနှုန်းအနေဖြင့် သင်္ဘောသီးစိမ်း(၁)ပိဿာလျှင်(၁၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၈၀၀)ကျပ် နှင့် သင်္ဘောသီးသုပ်(၁)ပွဲလျှင်(၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး သင်္ဘောသီးစိမ်းကို အသုပ်ဆိုင်များ၊ သင်္ဘောသီးအထောင်း ဆိုင်များနှင့် မုံညှင်းချဉ်သည်များမှ အသုံးပြုသည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)
