ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ဝါရင်းမှိုပွင့်၊ ဝါးရင်းမှိုပေါင်းထုတ် နှင့် ကန်ဇွန်းရွက်ပေါင်းထုတ်ဈေးနှုန်း

Powered by Drupal

  ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသထွက် ပေါ်ဦးပေါ်ဖျား ဝါရင်းမှိုများကို  ရှာဖွေ၍ ဈေးကွက်အတွင်းသို့ ရောင်းချကြသလို ဝါရင်းမှိုများကို ကျွန်းဖက်၊ ငှက်ပျောဖက်တို့ဖြင့်ထုတ်၍ ပေါင်းပြီးလည်းရောင်းချလျက်ရှိကြောင်း  သိရှိရပါသည်။

          အောက်တိုဘာလ တတိယပတ်အတွင်း ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော ဝါရင်းမှိုအပွင့် (၁)ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၅၀၀၀)ကျပ်၊ (၁၀) ကျပ်သားလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ရှိပြီး အလားတူပင် ဝါရင်းမှိုပေါင်းထုတ်  ဈေးနှုန်းအနေဖြင့်  ဝါရင်း မှိုပေါင်းထုတ် တစ်ထုတ်လျှင်(၁၀၀၀)ကျပ်၊ (၁၀)ထုတ်လျှင်(၉၀၀၀)ကျပ်၊ ဈေးနှုန်းတို့ဖြင့် လည်းကောင်း အလားတူပင် ကန်ဇွန်းရွက်ဟင်းပေါင်းထုတ် ဈေးနှုန်းအနေဖြင့် ကန်ဇွန်းရွက်ဟင်းပေါင်းထုတ် တစ်ထုတ် လျှင်(၅၀၀)ကျပ်၊ ငွေကျပ်(၂၀၀၀)ဖိုး(၅)ထုတ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သိရ ပါသည်။

DOCA(စစ်ကိုင်း)