“မေချမ်းဖက်ရှင်ပစ္စည်းအရောင်းဆိုင်”အား အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးသိန်းထွန်း နှင့်ဝန်ထမ်းများသည်(၁၆.၁၀.၂၀၂၅) ရက်နေ့၊ နံနက်  (၁၁:၃၀)နာရီအချိန်တွင် အမှတ်(၆၄၇)၊ ဇော်ဂျီလမ်း၊ (၄၅)ရပ်ကွက်၊ မြောက်ဒဂုံမြို့သို့သွားရောက်၍ “မေချမ်းဖက်ရှင် ပစ္စည်းအရောင်းဆိုင် ” အား Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက် များကိုက်ညီမှု ရှိ/မရှိ ကိုစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

             ထိုသို့ မြေပြင်ကွင်းဆင်းဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိက “မေချမ်းဖက်ရှင် ပစ္စည်းအရောင်းဆိုင်”အား လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်းလုပ်ငန်း အမှန်တစ်ကယ်တည်ရှိခြင်းရှိ/မရှိနှင့် ရောင်းချရန်တင်ပြထားသော ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအမျိုးအစားစာရင်းအတိုင်း မြေပြင်တွင်အမှန်တကယ်ရောင်းချနေသော စာရင်းကိုက်ညီ မှုရှိ/ မရှိတို့ကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)