မှော်ဘီမြို့နယ်ရှိ စက်သုံးဆီဆိုင် လုပ်ငန်းရှင်အား အသိပညာပေးဆွေးနွေးခြင်း

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံး၊ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် (၁၅.၁၀.၂၀၂၅)ရက်နေ့ နံနက်(၉:၂၀)နာရီအချိန်တွင် ပြည်လမ်း၊ မြို့မ(၁) ရပ်ကွက်၊ မှော်ဘီမြို့နယ်ရှိ Max စက်သုံးဆီဆိုင်လုပ်ငန်းရှင်အား အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ တွေ့ဆုံရာတွင် ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးက စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ဌာနမှထုတ်ပြန်ထားသည့်အမိန့်နှင့်ညွှန်ကြား ချက်များ အကြောင်း၊ စားသုံးသူများဆုံးရှုံးနစ်နာမှုများရှိပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ စားသုံးသူရေး ရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ခရိုင်ဦးစီးမှူးရုံးတွင် (CICC)ဖွင့်လှစ်ထားပါကြောင်း အသိပညာဆွေးနွေး ခဲ့ပြီး စက်သုံးဆီဆိုင်တာဝန်ခံက မိမိတို့ဆိုင်တွင် အပတ်စဉ် သောကြာနေ့တိုင်း ထုတ်ပြန်သော ရည်ညွှန်းဈေးအတိုင်း ရောင်းချပါကြောင်း၊ ချိန်တွယ်ရာတွင် လည်း လီတာများကို ပြည့်ဝစွာချိန်တွယ် ပေးသောကြောင့် စားသုံးသူများ စိတ်ကျေနပ်မှုရရှိပါကြောင်း၊ ဈေးနှုန်းများကိုလည်း အများပြည်သူ မြင်သာအောင် LED ဘုတ်များဖြင့် ဖော်ပြထားပါကြောင်းနှင့် မိမိတို့ဌာနမှလည်း ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများ သိုလှောင်ထားခြင်းများ မပြုလုပ်ရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

    DOCA (ရန်ကုန်)