ကလေးဝမြို့၊ စည်ပင်ဈေးအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

  (.၁၀.၂၀၂၅) ရက်နေ့တွင် ကလေးဝမြို့၊ စည်ပင်ဈေးအတွင်းရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စည်ပင်ဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသည့် အရန်သင့်အစားအစာများသည် စားသုံးသူပြည်သူများအနေဖြင့် စားသုံးရန် သင့်/မသင့်၊ သက်တမ်းလွန်အစားအသောက်များ ရောင်းချခြင်း ရှိ/မရှိနှင့် မြန်မာစာဖြင့် ဖော်ပြရန် သတ်မှတ်ထားသည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ စစ်ဆေးခဲ့ ကြပါသည်။

          ကလေးဝမြို့နယ်တာဝန်ခံ ဦးကျော်ကျော်မိုးမှ အရန်သင့်အစားအစာများပေါ်တွင် ဖော်ပြထားသည့် ထားသိုသိမ်းဆည်းပုံနည်းလမ်းများအတိုင်း နေရောင်ခြည်နှင့် တိုက်ရိုက်မထိတွေ့ စေဘဲ စနစ်တကျထား၍ ရောင်းချကြရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)