
(၁၅.၁၀.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ လှည်းကူး မြို့နယ်ခွဲရုံးမှ မြို့နယ်ခွဲတာဝန်ခံ ဦးထွန်းထွန်းဦးသည် လှည်းကူးမြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များ တွင် ကလေးအာဟာရဖြည့်စွက်စာ ရောင်းချနေခြင်းအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်း စစ်ဆေး ခြင်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးခဲ့ရာတွင် တာဝန်ခံက စားသုံးသူကလေးငယ်များ နေ့စဉ်စားသုံးလျက်ရှိသော ကလေးအာဟာရပြည့်စွက်စာများကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရန် ရည်ရွယ်၍ ဈေး ကွက်အတွင်း ရောင်းချနေသော ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ် အသားများကို (၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားကြောင်း စစ်ဆေးတွေ့ ရှိရပြီး တရားမဝင်ကုန်စည်များနှင့်သက်တမ်းလွန်ကုန်စည်များကို ရောင်းချနေခြင်း မပြုလုပ်ရန် အသိ ပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)
