
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ဟုမ္မလင်းမြို့၊ စည်ပင်သာယာဈေးအတွင်း ရောင်းချနေသည့် ကုန်မျိုးစုံဆိုင်များအား စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ မိတ်ဖက်ဌာနများနှင့် ( ၉.၁၀.၂၀၂၅ ) ရက်နေ့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
စည်ပင်ဈေးအတွင်း ရောင်းချလျက်ရှိသည့် အသင့်သောက်အချိုရည်ဗူးများပေါ်တွင် ကပ်နှိပ်ထားသည့် ကုန်အညွှန်းအမှတ်အသားများသည် ( ၂/၂၀၁၉ ) နှင့် ကိုက်ညီမှု ရှိ/မရှိ၊ သက်ဆိုင်ရာ ဌာနများ၏ ထောက်ခံချက်များ ဖော်ပြထားခြင်း ရှိ/မရှိနှင့် သက်တမ်းလွန် အချိုရည်များ ရောင်းချမှု မရှိစေရေး စစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
