
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ်တွင် စက်သုံးဆီဆိုင်(ပန့်ဆိုင်)များမှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (ဒုတိယပတ်)တွင် ရောင်းချသော လက်လီဈေးနှုန်းများမှာ စက်သုံးဆီ တစ်လီတာလျှင် 92 Octance ကျပ်(၂၈၅၀)၊ 95 Octance ကျပ်(၂၉၂၀)၊ ရိုးရိုးဒီဇယ် ကျပ်(၂၆၂၅ )၊ ပရီမီယမ် ဒီဇယ်ကျပ်(၃၁၇၀)ဖြင့် ရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။
အောက်တိုဘာလ (တတိယပတ်)တွင် 92 Octance ကျပ်(၂၈၂၅)၊ 95 Octance ကျပ်(၂၉၁၀) ၊ရိုးရိုးဒီဇယ်ကျပ်(၂၅၈၅)၊ ပရီမီယမ် ဒီဇယ် ကျပ်(၃၁၂၀)ဖြစ်၍ ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် တစ်လီတာလျှင် 92 Octance ကျပ်(၂၅)၊ 95 Octance ကျပ်(၁၀)၊ ရိုးရိုးဒီဇယ် ကျပ်(၄၀)၊ ပရီမီယမ် ဒီဇယ်(၅၀)ကျပ် အသီးသီးဈေးနှုန်းကျဆင်းခဲ့ကြောင်းသိရှိရသည်။
DOCA(မကွေး)
