
မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယတိုင်း ဒေသ ကြီးဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မင်းဘူးခရိုင်တာဝန်ခံ၊ ပွင့်ဖြူ၊ စလင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ၊ ပွင့်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူးဦးဆောင်သော မြို့နယ်ဆန်စပါးလုပ်ငန်းကြီးကြပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆန်စပါးကုန်သည်များအသင်းမှ တာဝန်ရှိသူ များနှင့်အတူ (၂၀.၁၀.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပွင့်ဖြူမြို့နယ်၊ အထွေထွေ အုပ်ချူပ်ရေးမှူး အစည်းအဝေးခန်းမ၌ ဆန်စပါးလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ကြသည့် ဆန်စပါး ကုန်သည်များ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ကြားပွဲစားများ၊ တောင်သူများနှင့်တွေ့ဆုံ၍ MYRO တွင် မှတ်ပုံတင်ရေး၊ မှတ်ပုံတင်ထားသည့် ဆန်စက်နှင့် ဆန်ကုန်သည်များအနေဖြင့် လစဉ် ကုန်ရ ကုန်ထုတ် လက်ကျန်များ ရေးသွင်းရေး မကြာမီ မိုးစပါးပေါ်တော့မည်ဖြစ်ရာ ထုတ်ပေးထားသည့် စပါးဝယ်ယူခွင့် စိစစ်ရေး (ကြားပွဲစား) ကဒ်များအား သက်တမ်းတိုးဆောင်ရွက်ရေး အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရ ပါသည်။
ထိုသို့ အသိပညာပေးဆွေးနွေးခဲ့ရာတွင် တိုင်းဒေသကြီးဦးစီးမှူးက စပါး တင်း(၂၅၀၀) နှင့် အထက်၊ ဆန်အိတ်(၅၀၀)နှင့်အထက် သိုလှောင်ထားသည့် ဆန်ကုန်သည်များ၊ ဆန်စက်လုပ်ငန်းရှင် များအနေဖြင့် MYRO တွင် မဖြစ်မနေ မှတ်ပုံတင်ရမည် ဖြစ်ကြောင်း၊ မှတ်ပုံတင်ထားယုံနှင့် မရဘဲ လစဉ် ကုန်ရ ကုန်ထုတ် လက်ကျန်များကိုလည်း စာရင်းရေးသွင်းရမည်ဖြစ်ကြောင်း၊ ပွင့်ဖြူမြို့နယ်မှ တိုင်းဒေသကြီးအတွင်းနှင့် တိုင်းပြင်ပသို့ စပါးဆန်များ သယ်ယူခြင်းနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဝင်များဖြစ်သည့် တိုင်းဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဌနှင့် ဆန်ကုန်သည်များအသင်း ဥက္ကဌ တို့ထံတွင် ထုတ်ပေးထားသည့် မျှောစာဖြင့်သာ သယ်ယူရမည် ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တိုင်းအတွင်းသို့ ဆန်ဝင်ရောက်မှုနှင့် မကွေးတိုင်း ဒေသ ကြီးမှ ထွက်ရှိသည့် ဧရာပဒေသာဆန် စီးထွက်မှုစာရင်းများကို လစဉ် တင်ပြရသည့်အတွက် စီးဝင်မှု စာရင်းများကို ရေကြောင်းနှင့် ဗွက်ကြီးတံတားတို့မှ ရရှိသည့်စာရင်းများနှင့် စိစစ်တင်ပြ ရသလို စီးထွက်မှုစာရင်းများကိုလည်း ထုတ်ပေးထားသည့် မျှောစာများမှ စာရင်းများဖြင့် စိစစ် တင်ပြရ သည့်အတွက် တိုင်းတွင်း/တိုင်းပြင်ပ သယ်ဆောင်မှုများနှင့်ပတ်သက်၍ မျှောစာဖြင့်သာ အသုံးပြုရမည် ဖြစ်ကြောင်း ဆန်စပါးဈေးနှုန်းတည်ငြိမ်ရေးအတွက် စပါးများဝယ်ယူရာတွင် စပါး ပွဲစား၊ ကြားပွဲစား များအတွက် ကြားပွဲစားစိစစ်ရေးကဒ်များကို ထုတ်ပေးထားပြီးဖြစ်ရာ သက်တမ်းကုန်ဆုံးသည့် ကြားပွဲ စားများအနေဖြင့် သက်တမ်းတိုးဆောင်ရွက်သွားရန် စပါးများဝယ်ယူရာတွင် လည်း စက်ကြိတ်နိုင် သည့်အဆင့် သိုလှောင်နိုင်သည့်အဆင့်ကို ၁၃ ပိဿာနှုန်းဖြင့် ဝယ်ယူသွားရန် သတ်မှတ်ခဲ့ကြောင်း၊ သတ်မှတ်အစိုဓာတ်ထက်ကျော်လွန်သည့် စပါးများ ဝယ်ယူရာတွင် ၁၃ ပိဿာမှ ၁၅ ပိဿာကြား တောင်သူ၊ ကြားပွဲစား၊ စက်ပိုင်တို့ ညှိနှိုင်းဝယ်ယူသွားရန် အစိုဓာတ်ကျော်လွန်သည့် စပါးများအတွက် အလေးချိန်သတ်မှတ်ပေးနိုင်ရန်အတွက် ဖွဲ့စည်းပြီးဖြစ်သည့် မြို့နယ်၊ ဆန်စပါး လုပ်ငန်းကြီးကြပ်ရေး အဖွဲ့ အစည်းအဝေးတွင် အမှာစာဖြင့် တင်ပြညှိနှိုင်း၍ ဆုံးဖြတ်ချက်ကို တိုင်း ဆန်စပါး လုပ်ငန်း ကြီးကြပ်ရေးအဖွဲ့သို့ တင်ပြဆောင်ရွက်သွားရန်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် တက်ရောက်လာကြသည့် တောင်သူများ၊ ကြားပွဲစား များ၊ ဆန်စက်လုပ်ငန်းရှင်များ၏ မေးမြန်းမှုများအပေါ် တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး အသိပညာပေးဆွေးနွေးပွဲကို (၁၃: ၃၀) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
