
ရာသီစာဖြစ်သည့် ကရင်ပြည်နယ်ဒေသထွက်ခဝဲသီးကို ဘားအံမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ များမှ ဘားအံမြို့ပေါ်ဈေးများသို့ လာရောက်ရောင်းချကြပါသည်။ ဒေသခံတောင်သူများသည် ခဝဲပင် ကို အပိုဝင်ငွေရရှိရန်အတွက် မိမိတို့၏ အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်းစိုက်ပျိုးကြသည်။ ခဝဲသီးကို ပုဇွန်ခြောက်၊ ကြက်ဥနှင့်အတူ ကြော်စား၍ရသလို ငပိရည်တို့စရာနှင့်လည် ပြုတ်တို့စားပါက ထမင်းမြိန်စေသည်။ ခဝဲသီးမှာပါဝင်သော သံဓာတ်အမြင် ဓာတ် ရေဓာတ်တို့ပါဝင်နေပါသည်။ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်တွင် ခဝဲသီးဈေးနှုန်း မှာ တစ်ပိဿာလျှင် (၄၅၀၀)ကျပ်နှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။
DOCA(ကရင်)
