မြိတ်မြို့၊ သီဟဇေယျာတိုးချဲ့ဈေးကြီး၌ ရောင်းချနေသောဘုရားပန်းများ

Powered by Drupal

     မြိတ်မြို့၊ သီဟဇေယျာဈေးကြီး၌ ဘုရားပန်းမျိုးမျိုးဖြစ်သော အိုစကာပန်း၊ ပုလဲဖြူပန်း (ဂန္ဓာမာပန်း)၊ မြနှင်းပုလဲပန်း(ချင်းမိုင်ပန်း)၊ စန်းမားဝါးပန်း၊ လီလီပန်း(မင်္ဂလာပန်း)၊ နှင်းဆီပန်း၊ သပြေပန်း(အောင်သပြေ)၊ ဇွန်စိမ်းပန်းတို့ကို ရန်ကုန်မြို့မှ တစ်ပတ်လျှင်နှစ်ကြိမ်ခန့် ကားလမ်း၊ လေယာဥ်လမ်းတို့ဖြင့် ဝယ်ယူရောင်းချလျက်ရှိပါသည်။

     ၂၀၂၅ခုနှစ်၊ အောက်တိုဘာလတတိယပတ်တွင် လူကြိုက်များ၍ အဝယ်များသော ပုလဲဖြူ ပန်း(ဂန္ဓာမာပန်း)(၁၀)ပွင့် တစ်စည်းလျှင် (၁၂၀၀၀)ကျပ်၊ မြနှင်းပုလဲပန်း(ချင်းမိုင်ပန်း)(၁၀)ခက် တစ်စည်းလျှင် (၇၀၀၀)ကျပ်၊ နှင်းဆီပန်း (၁၀)ပွင့် တစ်စည်းလျှင် (၁၅၀၀၀)ကျပ်၊ သပြေပန်း (အောင်သပြေ)အငုတ် တစ်ခုလျှင် (၂၀၀၀)ကျပ်၊ ဇွန်စိမ်းပန်း(၁၀)ခက် တစ်စည်းလျှင် (၅၀၀၀)ကျပ်၊ စန်းမားဝါးပန်း (၁၀)ပွင့်တစ်စည်းလျှင် (၁၀၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချ လျက်ရှိကြောင်းကို တွေ့ရှိရပါသည်။

DOCA(တနင်္သာရီ)