လက်ပံတန်းမြို့ဈေးအတွင်းရှိ ကြက်သွန်နီနှင့် အာလူးဈေးကွက်

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် လက်ပံတန်းမြို့ဈေးအတွင်း ရောင်းချလျှက်ရှိသော ကြက်သွန်နီ လက်လီဈေးနှုန်းများမှာ စက်တင်ဘာလတတိယပတ်မှ စက်တင်ဘာလ နောက်ဆုံးပတ်ထိ  ကြက်သွန်နီ အကြီးတစ်ပိဿာလျှင် ၁၅၀၀/ ကျပ်၊ အလတ် တစ်ပိဿာ ၁၃၀၀ ကျပ်၊ အသေး တစ်ပိဿာလျှင် ၁၂၀၀/ကျပ် ဈေးနှုန်းဖြင့် လက်လီ ရောင်းချခဲ့ပါသည်။ လက်ကားဈေးနှုန်းအနေဖြင့် အချိန် (၁၀)ပိဿာ မှ စတင်၍အိတ်လုံးဈေး ကြက်သွန်နီအကြီး တစ်ပိဿာလျှင်၁၅၀၀/မှ ၂၀၀၀/ကျပ်၊  ကြက်သွန်နီအလတ် တစ်ပိဿာ လက်ကား ဈေးနှုန်းမှာ ၁၃၀၀/ကျပ်၊ ကြက်သွန်နီ(အသေး) လက်ကားဈေးနှုန်း တစ်ပိဿာလျှင်၁၂၀၀/ ကျပ် ဈေးနှုန်းဖြင့် ဈေးငြိမ်နေပြီး အောက်တိုဘာလဒုတိယပတ်တွင်လည်း  ကြက်သွန်နီ ဈေးနှုန်းများဈေးငြိမ်နေ ကြောင်းသိရှိရပါသည်။

          အာလူးဈေးကွက် ရောင်းချမှုအနေဖြင့် အာလူးတစ်ပိသာလျှင် စက်တင်ဘာလ ဒုတိယ ပတ်တွင်   ၆၀၀၀/၇၀၀၀ကျပ် ဈေးရှိခဲ့ပြီး ယခု အောက်တိုဘာလ ဒုတိယပတ်တွင်လည်း အာလူး ဈေးနှုန်းများမှာ ၇၀၀၀/၈၀၀၀ ကျပ်ဈေးဖြင့် ရောင်းချသဖြင့် ဈေးနှုန်းမြင့် တက်သွား ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)