ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော နှင်းဆီပန်းပျိုးပင်ဈေးနှုန်း

Powered by Drupal

    ကန့်ဘလူမြို့ပေါ်ရှိ ပန်းပျိုးပင်အရောင်းဆိုင်သည် ပန်းပျိုးပင်မျိုးစုံကို ရောင်းချလျက်ရှိရာ လူကြိုက်များသော နှင်းဆီပန်းပျိုးပင်များကို မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့မှလည်း မှာယူရောင်း ချလျက်ရှိကြောင်း သိရှိရပါသည်။ နှင်းဆီပန်းပင်ဟာ စိုက်ပျိုးရေးသမားများအတွက် ပထမဆုံး ရွေးချယ်ချင်စရာ အကောင်းဆုံးအပင်မျိုးဖြစ်ပြီး နှင်းဆီပန်း၏ အဆင်းနှင့်အလှ ရနံ့ကြွယ်ပြီး မွှေးပျံ့သော ပန်းတစ်မျိုးဖြစ်ပါသည်။နှင်းဆီပန်းများကို ဘုရားပန်းအဖြစ်အသုံးပြုကြသည့်အပြင် အလှပန်းထိုးရန်အတွက်လည်း အသုံးပြုကြကြောင်း၊ နှင်းဆီပန်းအရောင်များမှာ အနီရောင်၊ ပန်းရောင်၊ အဝါရောင်၊ အဖြူရောင်၊ လိမ္မော်ရောင်ဟူ၍ အရောင်မျိုးစုံရှိကြောင်း၊ နှင်းဆီပန်းပင် များကို နေအိမ်ခြံဝင်းများ၊ ဥယျာဉ်၊ ဘုရားကျောင်းကန်များတွင် အလှစိုက်ပျိုးရန်နှင့်မိသားစု တစ်နိုင်တစ်ပိုင် ဘုရားပန်းနှင့် အလှပန်းအဖြစ် စိုက်ပျိုးရောင်းချသူများမှ အများဆုံးလာရောက် ဝယ်ယူကြကြောင်း၊၂၀၂၅ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း နှင်းဆီပန်းပျိုးပင်တစ်ပင်လျှင်  အရောင်နှင့် အရွယ်အစားပေါ်မူတည်၍ အသေး()ပင်လျှင်(၂၅၀၀)ကျပ်၊ အကြီး() ပင်လျှင်(၃၀၀၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း ပန်းပျိုးပင်အရောင်းဆိုင်မှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)