
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ဆိပ်ငယ်စည်ပင်သာယာဈေးနှင့် အခြားသောဈေး များတွင် မိုးရာသီအတွင်း ငါး၊ပုဇွန်နှင့် ရေထွက်ပစ္စည်းများ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ခုနှစ် အောက်တိုဘာလတတိယပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့်စျေးနှုန်းများမှာ ဘီးဇင်း(ငါးကေားရှပ်) တစ်ပိဿာလျှင် (၁၇၀၀၀)ကျပ်၊ ဇယောအကြီးတစ်ပိဿာလျှင် (၂၄၀၀၀) ကျပ်မှ အငယ်တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ ငါးမုန့်ဖြူတစ်ပိဿာ လျှင်(၃၀၀၀ဝ)ကျပ်၊ ကုလားကုတ်တစ်ပိဿာလျှင် (၁၈၀၀ဝ)ကျပ်၊ ကပြုန်းတစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ ကပြေမ တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ပလာတူးတစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ဖောင်ကင်းမွန် တစ်ပိဿာလျှင် (၂၅၀၀၀)ကျပ်၊ ခူတစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ ဟင်းချိုမ အသားသီးသန့် တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ဂဏာန်းမဲအကြီးတစ်ပိသာလျှင် (၁၀၀၀၀)ကျပ်မှ ဂဏာန်းမဲ အလတ်တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ သဲဂဏာန်းတစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်ရှိပြီး အခြား သောငါးဈေးနှုန်းများလည်း အသီးသီးရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
