အောက်တိုဘာလအတွင်း ဟင်္သာတကုန်စည်ဒိုင် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတကုန်စည်ဒိုင်တွင် ၂၀၂၄-၂၀၂၅ခုနှစ်ထွက်  ပဲမျိုးစုံနှင့် အစေ့ထုတ်ပြောင်းသီးနှံများအနက် မတ်ပဲ၊ ပဲယင်းနီ၊ အစေ့ထုတ်ပြောင်းသီးနှံ တို့သာအရောင်းအဝယ်ဖြစ်နေပြီး ကျန်ပဲများမှာလက်ကျန် အလွန်နည်းပါးလာပြီး ကုန်စည်ဒိုင်တွင် အရောင်းအဝယ်မဖြစ်ကြောင်း သိရှိရပါသည်။ ယခုတစ်ပတ် မတ်ပဲဈေးများမှာ ပိဿာ(၂၀)တစ်တင်း ကို(၈၆၀၀ဝိ/-)၊ ပဲယင်းနီဈေးမှာ ပိဿာ(၂၀)တစ်တင်းကို (၇၇၀၀ဝိ/-)၊ အစေ့ထုတ်ပြောင်းပိဿာ(၂၀) တစ်တင်းကို ( ၂၉၀၀ဝိ/-)ဈေးဖြင့် အရောင်းအဝယ်ပြုလုပ်နေကြောင်း သိရှိရပါသည်။

          ယခင်အပတ်နှင့် ကာလတူနှိုင်းယှဉ်ပါက မတ်ပဲနှင့် ပဲယင်းနီသီးနှံဈေးမှာတစ်တင်းကို၂၀၀ဝိ/ ကျပ်ထိဈေးကျဆင်းသွားပြီး အစေ့ထုတ်ပြောင်းသီးနှံဈေးမှာ ယခင်ပတ်ထက် တစ်တင်းကို ၁၀၀ဝိ/-ကျပ်ထိဈေးကျဆင်းသွားကြောင်း သိရှိရပါသည်။မတ်ပဲသီးနှံမှာ တစ်ရက်လျင်( ၁၀၀၀အိတ်မှ ၁၅၀၀ အိတ်)ထိအရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။ အစေ့ထုတ်ပြောင်းသီးနှံမှာ တစ်ရက်လျင် ၅၀၀ အိတ်မှ၁၀၀၀အိတ်)ထိအရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။ သီးနှံလက်ကျန်များလည်း နည်းပါးလာပြီဖြစ်၍ ရန်ကုန်သို့တင်ပို့နေသောမတ်ပဲအိတ်ရေမှာ တစ်ပတ်အတွင်းပျမ်းမျှအိတ်ရေ (၇၀၀၀)ခန့် တင်ပို့နိုင်ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)