ကျိုက်ထိုမြို့ပေါ်ရှိ စတိုးဆိုင်များတွင် ရောင်းချလျက်ရှိသော အသင့်သောက်အချိုရည် အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    ၁၄.၁၀.၂၀၂၅ ရက်နေ့ နံနက် (၀၉း၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်တာဝန်ခံ၊ မြို့နယ်တာဝန်ခံနှင့် အခြားမိတ်ဖက်ဌာန ဆိုင်ရာများနှင့် ပူးပေါင်း၍ ကျိုက်ထိုမြို့ပေါ်ရှိ စတိုးဆိုင်များတွင် ရောင်းချလျက်ရှိသော အသင့် သောက်အချိုရည်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကျိုက်ထိုမြို့ပေါ်ရှိ စတိုးဆိုင်များတွင် ရောင်းချလျက်ရှိသော အသင့်သောက်အချိုရည်အမျိုးမျိုးတို့တွင် ဘေးအန္တရာယ်ဖြစ်ပေါ်နိုင်ချေ ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသာဖော်ပြရမည့်အချက်များပါဝင်မှု ရှိ/မရှိ၊ စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)