
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ပန်းဂေါ်ဖီကို မင်းဘူး၊ မကွေး၊ သရက်၊ တောင်တွင်းကြီးမြို့နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့တို့မှ မှာယူရောင်းချ ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(ဒုတိယပတ်)တွင် ပန်းဂေါ်ဖီ(၁)ပွင့်လျှင် (အပွင့်အကြီးအသေး ပေါ်မူတည်၍) ကျပ်(၂၀၀၀- ၃၀၀၀) ဖြင့် ရောင်းချလျက်ရှိပြီး ယခင်စက်တင်ဘာလ(ဒုတိယပတ်)တွင် ကျပ်(၅၅၀၀-၆၀၀၀)ဖြင့်ရောင်းချခဲ့ပြီး ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၃၀၀၀-၃၅၀၀) ဈေးနှုန်းကျဆင်းခဲ့ကြောင်း သိရသည်။ ယခုအချိန်တွင် ပန်းဂေါ်ဖီစိုက်ပျိုးရာဒေသများ၌ အထွက်နှုန်းများ လှိုင်လှိုင်ထွက်ရှိသောကြောင့် ဈေးနှုန်းမှာကျဆင်းလာခြင်းဖြစ်ကြောင်း သိရှိရ သည်။
DOCA(မကွေး)
