မကွေးမြို့၊ ကန်သာစျေး၌ ဘူးသွတ်ဆီရောင်းချသော ဆီဆိုင်များအားဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေး/ချောက်ခရိုင်တာဝန်ခံနှင့်  ဝန်ထမ်း များသည် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် (၁၄.၁၀.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ မကွေးမြို့၊ ကန်သာစျေး၌ ဘူးသွတ်ဆီရောင်းချလျက်ရှိသည့် ဆီဆိုင်များအား စားသုံးသူကာကွယ်ရေးဥပဒေနှင့် ကိုက်ညီမှု ရှိ/ မရှိနှင့် သက်ဆိုင်ရာ(FDA)ထောက်ခံချက်ပါဝင်ခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင် ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဘူးသွတ်ဆီများတွင် စားသုံးသူကာကွယ်ရေးဥပဒေဖြင့် ကိုက်ညီမှုရှိပြီး သက်ဆိုင်ရာ (FDA) ထောက်ခံချက်များ ပြည့်စုံစွာပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်များအား စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ အကြောင်းကို ဆွေးနွေး၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။  

DOCA(မကွေး)