
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် တာဝန်ခံသည် (၁၃.၁၀.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဒေသတွင်း စားသောက်ကုန် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချလျက်ရှိသော တောင်တွင်းကြီးမြို့၊ ရွှေအိုး(၁)ရပ်ကွက်ရှိ “ဗလကြီး” မြေပဲဆားလှော်လုပ်ငန်းသို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ကွင်းဆင်း လေ့လာခဲ့ကြောင်း သိရှိရပါ သည်။
မြေပဲဆားပြုလုပ်ရာတွင် မြေပဲကို ဂျင်းနှင့်ပြုတ်ပြီး အခြောက်လှမ်း၍ ဆားဖြင့် လှော်ရ ကြောင်း၊ ထိုနောက် မိမိတို့လိုချင်သော အနေအထားရပါက အအေးခံ၍ (၄)ဘူးထုပ်၊ (၁)ပြည်ထုပ် စသည့်အထုပ်များထုတ်၍ လက်လီ/ လက်ကား မြို့နယ်အတွင်း ပြန်လည်ရောင်းချကြောင်း၊ စျေးနှုန်းအနေဖြင့် (၄)ဘူးထုပ် (၁)ထုပ်လျှင် ကျပ်(၄၀၀၀)၊ (၁)ပြည်ထုပ် (၁)ထုပ်လျှင် ကျပ်(၈၀၀၀) နှုန်းဖြင့် ရောင်းချပါကြောင်း၊ အလုပ်သမားဦးရေ (၃)ဦးခန့်ရှိပြီး လုပ်အားခ (၁)ဦးလျှင် ကျပ်(၄၀၀၀- ၅၀၀၀)ခန့်ပေးရကြောင်း၊ စျေးကွက်အနေဖြင့် မြို့မစျေးနှင့် တောင်တွင်းကြီးမြို့နယ်အတွင်း ဖြန့်ဖြူး ရောင်းချကြောင်း၊ ရပ်ကွက်အတွင်းရှိ ပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းများပေးနိုင် ပါကြောင်း၊ လုပ်ငန်းရှင်များမှလည်း မိမိတို့ထုတ်လုပ်သော ကုန်စည်အမျိုးအစားအလိုက် စားသုံးသူ ကာကွယ်ရေး ဥပဒေ ၂၀၁၉ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စိစစ်ပေးနိုင်ရန် နမူနာပုံစံများနှင့် တကွတင်ပြလျှောက်ထားနိုင်ပြီး စားသုံးသူရေးရာဦးစီးဌာနမှ စိစစ်ပြန်ကြားပေးလျက်ရှိကြောင်း အကျယ်တဝင့်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
