
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပစေရေးနှင့် သဘာဝပတ်ဝန်းကျင်အား ထိခိုက်မှုမရှိစေရေး တို့အတွက် ပလတ်စတစ်သုံးစွဲမှု လျော့ချရေး Campaign အား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ်မသုံးစွဲရေးနေ့ဟု သတ်မှတ် ပြီး ပလတ်စတစ် အိတ်အစား စက္ကူအိတ်များ၊ အင်ဖက်များ၊ ငှက်ပျောဖက်များ အစားထိုးသုံးစွဲစေရေးအား စည်ပင်သာယာရေးအဖွဲ့၊ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် စျေးကော်မတီဝင်များ ပူးပေါင်းဆောင် ရွက်လျက်ရှိရာ (၁၃.၁၀.၂၀၂၅)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီတွင် မကွေးမြို့၊ ရန်ပယ်စျေး၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်၍ မကွေးမြို့၊ ရန်ပယ်စျေး၌ ရောင်းချလျက်ရှိသော ကုန်စည်များတွင် စားသုံးရန် မသင့်တားမြစ်ထားသော ကုန်စည်များ၊ သက်တမ်းလွန်နှင့်မှိုတက်နေသော ကုန်စည်များ၊ ကုန် အညွှန်းအမှတ်အသားဆိုင်ရာသတ်မှတ်ချက်များ ပြည့်စုံမှန်ကန်စွာဖော်ပြပါဝင်မှုမရှိသော ကုန်စည် များ ရောင်းချမှုမရှိစေရေးနှင့် ၂၀၂၅-ခုနှစ်၊ အောက်တို ဘာလအတွင်း ဦးစားပေးကုန်စည်ဖြစ်သည့် အသင့်သောက်အချိုရည်အမျိုးမျိုးတို့အား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA((မကွေး)
