
၁၄.၁၀.၂၀၂၅ ရက်နေ့တွင် နံနက်(၁၀:၀၀) အချိန်တွင် အလုံမြို့နယ် City Mart ၊ လှိုင်မြို့နယ် Yangon Baby နှင့် မရမ်းကုန်းမြို့နယ် 9 မိုင် Ocean တို့တွင်ရောင်းချလျှက်ရှိသော ကလေးအဟာရ ဖြည့်စွက်စာအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်ခြင်းရှိ/မရှိအား ကွင်း ဆင်းစစ်ဆေးခြင်းများကို အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဒေါ်မြတ်မွန်(ဒု-ကြီးကြပ် ရေးမှူး) မှ ဦးဆောင်၍ ဝန်ထမ်း(၂) ဦးနှင့်တို့မှ ပါဝင်စစ်ဆေးခဲ့ကြပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကမာရွတ်မြို့နယ် လှည်းတန်း အလုံမြို့နယ် City Mart ၊ လှိုင်မြို့နယ် Yangon Baby နှင့် မရမ်းကုန်းမြို့နယ် 9 မိုင် Ocean တို့တွင် ကလေးအဟာရဖြည့်စွက်စာ များဖြစ်သော Gaullac(ဖော်စပ်စာ)၊ Dugro(ဖော်စပ်စာ)၊ DG-1 (ဆိတ်နို့ဖော်စပ်စာ)၊ Golden Cow (အဟာရမှုန့်၊ Gold Power(အရဟာမှုန့်)၊ Kendamil(ဖော်စပ်စာ)၊ မာဆုရ(ဂျပန်ကလေးအဟာရ ဖြည့်စွက်စာ)၊ PO PO (ဖြည့်စွက်စာ) တို့တွင် ကုန်ညွှန်းအမှတ်အသားများပြည့်စုံစွာပါဝင်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ ၎င်းကလေး အဟာရများတွင် ကုန်ညွှန်းအမှတ်အသားများပြည့်စုံစွာ ပါဝင်မှု ရှိကြောင်းသိရှိရပါသည်။ ကလေးငယ်များအတွက် အဟာရဖြည့်စွက်စာများတွင် ကလေးငယ်များ ဘေးဥပါဒ်မဖြစ်စေရန် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်း ကုန်ဆုံးသည့်ရက်စွဲ၊ ထားသိုသိမ်းဆည်းမှု၊ ဓာတ်မတည့် ကြောင်းဖော်ပြချက်၊ ပါဝင်ပစ္စည်း၊ ကြိုတင်သတိပေးချက်စသည့် ကုန်ညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့် ပြည့်စုံစွာထည့်သွင်းရန် လိုအပ်ကြောင်း အသိပညာပေး ဆောင်ရွက် ခဲ့ကြောင်းသိရှိရပါသည်။
DOCA (ရန်ကုန်)
