ထားဝယ်မြို့ရှိ သံပုရာသီးနှင့် ရှောက်သီးဈေးနှုန်းများ

Powered by Drupal

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်တွင် သံပုရာသီးနှင့် ရှောက်သီး များစိုက်ပျိုးထားပြီး ယခုအချိန်တွင် လှိုင်လှိုင်ထွက်ပေါ်နေပြီဖြစ်ကြောင်းသိရပါသည်။ သံပုရာသီး နှင့်ရှောက်သီးများကို နေရာတော်တော်များများတွင် အသုံးပြုကြသဖြင့် သုံးစွဲမှုများသည့် သီးနှံများ ဖြစ်ကြောင်း သိရသည်။

     ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ အတွင်းဖြစ်ပေါ်လျက်ရှိသော သံပုရာသီးဈေးနှုန်းများမှာ သံပုရာ သီး(အကြီး)(၁)လုံးလျှင် (၄၀၀/၅၀၀)ကျပ်၊ (အသေး)(၁)လုံးလျှင်(၂၅၀/၃၀၀)ကျပ်ဖြင့်လည်းကောင်း၊ ရှောက်သီး (အကြီး)(၁)လုံးလျှင် (၈၀၀)ကျပ်၊ (အသေး)(၁)လုံးလျှင် (၅၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက် ရှိပြီး ယခုအခါ စည်ပင်သာယာဈေးတွင် အသီးအရွယ်အစားအလိုက် ဈေးနှုန်းအနည်းငယ် ကွာခြားမှု ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရပါသည်။

DOCA (တနင်္သာရီ)