
၁၃.၁၀.၂၀၂၅ ရက်နေ့တွင် နံနက်(၁၀:၃၀) အချိန်တွင် ကမာရွတ်မြို့နယ် လှည်းတန်း City Mart ၊ လှိုင်မြို့နယ် BKB Baby Toy Center နှင့် မရမ်းကုန်းမြို့နယ် Baby Center တို့တွင်ရောင်းချ လျှက်ရှိသော ကလေးအဟာရဖြည့်စွက်စာအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံစွာ ပါဝင်ခြင်းရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခြင်းများကို အနောက်ပိုင်းခရိုင် ဦးစီးမှူးရုံး မှ စစ်ဆေးရေးမှူး ဒေါ်မြတ်မွန်(ဒု-ကြီးကြပ်ရေးမှူး) မှ ဦးဆောင်၍ ဝန်ထမ်း(၂) ဦးနှင့်တို့မှ ပါဝင်စစ်ဆေးခဲ့ကြပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကမာရွတ်မြို့နယ် လှည်းတန်း City Mart ၊ လှိုင်မြို့နယ် BKB Baby Toy Center နှင့် မရမ်းကုန်းမြို့နယ် Baby Center တို့တွင် ကလေးအဟာရ ဖြည့်စွက်စာ များဖြစ်သော Parima၊ Golden Cow၊ Gold Power၊ မာဆုရ(ဂျပန်ကလေးအဟာရ ဖြည့်စွက်စာ)၊ Instand (အသင့်စားကွေကာအုပ်)၊ Dupro (နို့မှုန့်)၊ Kendamil(ဖော်စပ်စာ)၊ DG-1(ဆိတ်နို့ဖော်စပ် စာ)၊ Gaullac၊ Dugro၊ PO PO(ဖြည့်စွက်စာ)၊A.1 Family (ကြက်သွန်နီမှုန့်) တို့တွင် ကုန်ညွှန်းအမှတ် အသားများပြည့်စုံစွာပါဝင်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ ၎င်းကလေး အဟာရများတွင် ကုန်ညွှန်း အမှတ်အသားများပြည့်စုံစွာ ပါဝင်မှုရှိကြောင်း သိရှိရပါသည်။ ကလေး ငယ်များအတွက် အဟာရ ဖြည့်စွက်စာများတွင် ကလေးငယ်များဘေးဥပါဒ်မဖြစ်စေရန် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်း ကုန်ဆုံးသည့်ရက်စွဲ၊ထားသိုသိမ်းဆည်းမှု၊ဓာတ်မတည့် ကြောင်းဖော်ပြချက်၊ ပါဝင်ပစ္စည်း၊ ကြိုတင် သတိပေးချက်စသည့် ကုန်ညွှန်းအမှတ်အသားများ အား မြန်မာဘာသာဖြင့် ပြည့်စုံစွာထည့်သွင်းရန် လိုအပ်ကြောင်း အသိပညာပေးဆောင်ရွက် ခဲ့ကြောင်းသိရှိရပါသည်။
DOCA (ရန်ကုန်)
