ထားဝယ်မြို့ပေါ်ရှိ အခြေခံစားကုန်များ အရောင်းသွက်လျက်ရှိ

Powered by Drupal

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်ရှိ စျေးများ၊ ကုန်စုံများတွင် ရောင်းချလျက်ရှိသော အခြေခံစားကုန်များမှ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူးများမှာ အလှူရာသီသို့ ရောက်ရှိလာသဖြင့် အောက်တိုဘာလ ပထမအပတ်မှစတင်၍ ရောင်းအားသွက်လျက်ရှိကြောင်း ကုန်သည်များထံမှ သိရှိရပါ သည်။

     အောက်တိုဘာလ ပထမအပတ်မှ စတင်၍ အရောင်းသွက်လျက်ရှိသော အခြေခံစားကုန်များမှ ကြက်သွန်နီစျေးနှုန်းမှာ တစ်ပိဿာ ၂၅၀၀ ကျပ်၊ ကြက်သွန်ဖြူ(ရှမ်းစ) စျေးနှုန်းမှာ တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူဂုတ်)စျေးနှုန်းမှာ တစ်ပိဿာလျှင် ၁၇၀၀၀ ကျပ်၊ အာလူး တစ်ပိဿာ လျှင် ၈၀၀၀ ကျပ်‌ဖြင့် ယခု အောက်တိုဘာလ ဒုတိယအပတ်အတွင်း ရောင်းချလျက်ရှိပြီး ရောင်းအား သွက်လျက်ရှိသော်လည်း စျေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပါသည်။

DOCA (တနင်္သာရီ)