မြောင်းမြမြို့တွင်း အရောင်းအဝယ် ဖြစ်နေသောကွမ်းသီးဈေးကွက်

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီးတွင် ကွမ်းသီးစိုက်ဧက (၂၁၈၆၂) ရှိပြီး မြောင်းမြမြို့တွင် စိုက်ဧက (၃၅၆၉) စိုက်ပျိုးလျှက်ရှိရာ ပြည်တွင်းပြည်ပဈေးကွက်တွင် ကွမ်းသီးအနုထွက်ရှိချိန် မတ်လမှ ဩဂုတ်လအတွင်း ကွမ်းသီးအနု (အရည်သောက်)များကို ပြည်ပဈေးကွက်သို့ တင်ပို့ ရောင်းချလျက်ရှိပြီး ကွမ်းသီးအရင့်များကို ဒေသတွင်းစားသုံးရန် အရောင်းအဝယ်ဖြစ်နေကြောင်း ဈေးကွက်မှ သိရသည်။

          မြောင်းမြဈေးကွက်တွင် ယခင်နှစ် ပြည်ပသို့ တင်ပို့သော ကွမ်းသီးအနုအရည်သောက် တစ်ပိဿာကျပ် ၃၃၀၀ ဈေးရှိပြီး ယခုနှစ်ကွမ်းသီးအနု အရည်သောက် တစ်ပိဿာကျပ် ၁၀၆၀၀ဈေးရရှိသည့်အတွက် ယခင်နှစ်ကာလတူ ဈေးနှုန်းဖြင့်နှိုင်းယှဉ်ပါက တစ်ပိဿာကျပ် ၇၃၀၀ ဈေးနှုန်းပိုမိုရရှိပြီး ကွမ်းသီးအရင့်ဈေးနှုန်းမှာ ယခင်နှစ်တစ်ပိဿာကျပ် ၆၀၀၀ ဈေးရရှိ၍ ယခုနှစ်တစ်ပိဿာကျပ် ၁၀၀၀၀ ဈေး ရရှိသည့်အတွက် ယခင်နှစ်နှင့်ကာလတူ နှိုင်းယှဉ်ပါက ကွမ်းသီးအရင့်တစ်ပိဿာ ကျပ် ၄၀၀၀ ဈေးပို၍ ရရှိပြီး ကွမ်းသီးစိုက်ပျိုးသော တောင်သူများ တွက်ချေကိုက်လျက်ရှိကြောင်း ဈေးကွက်မှ သိရှိရပါသည်။

DOCA(ဧရာဝတီ)