“ ကွမ်းခြံကုန်းမြို့နယ်ဈေးကွက်အတွင်းရောင်းချနေသောဆန်ဆိုင်များအားကွင်းဆင်းစိစစ်ခြင်း”

Powered by Drupal

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ညွှန်ကြားချက်နှင့် အညီကွမ်းခြံကုန်းမြို့နယ်မြို့မဈေးအတွင်းရောင်းချသောဆန်ဆိုင်များသို့အောက်တိုဘာလ(၁၄)ရက်နေ့၊နံနက်(၀၉:၀၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရ သည်။

      ထိုသို့ ကွင်းဆင်းစိစစ်ခြင်းများဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာ ရေးအဖွဲ့ ဈေးတာဝန်ခံ ကျန်းမာရေးမှူး-၃ ဦးထွန်းထွန်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ ပူးပေါင်း၍ ကွမ်းခြံကုန်း မြို့နယ် မြို့မဈေးအတွင်း ရောင်းချသော ဒေါ်အေးကြိုင် (ဆန်နှင့်ဆန်ထွက်ပစ္စည်းရောင်းဝယ် ရေး)၊ ကိုမျိုးသွင် (ဆန်နှင့်ဆန်ထွက်ပစ္စည်းရောင်းဝယ်ရေး)၊ ကိုရန်ကုန်သား (ဆန်နှင့်ဆန်ထွက် ပစ္စည်းရောင်းဝယ်ရေး)၊ ကိုနိုင်ထွန်း+ မရီမြင့် (ဆန်နှင့်ဆန်ထွက်ပစ္စည်းရောင်းဝယ်ရေး)နှင့် အောင်မိသားစု (ဆန်ရောင်းဝယ်ရေး)ဆိုင်များမှ ငစိန်(ထွန်းပု)၊ ဧည့်မထ (ရက်၉၀)၊ မီးဒုံ (ခွန်နီ)၊ တောင်ပျံ၊ ကြားပျံ ဆန်ဈေးနှုန်းများအား ကွင်းဆင်းစိစစ်ခဲ့ကြသည်။

       ထို့နောက် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက စားသုံးသူရေး ရာဦးစီးဌာန အနေဖြင့် ဆန်အမျိုးအစား အဆင့်အတန်းအလိုက် ရောင်းချရမည့် သင့်တင့်မျှတ သော ဆန်ဈေးနှုန်းများကို လစဉ်သတ်မှတ်ထုတ်ပြန်လျှက်ရှိရာ ဆန်ဈေးအားဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမပြုလုပ်ကြရန်၊ ရောင်းချသူလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး ကွင်းဆင်းစိစစ်ခဲ့ ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)