
စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ စားသုံးသူများ အားလုံးသည် ကုန်စည်နှင့် ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေး အတွက် ခရိုင်အတွင်းရှိ ထုတ်လုပ်လျှက်ရှိသော ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံမှန်ကန်စွာဖေါ်ပြမှုရှိစေရေး ရည်ရွယ်၍ ဆောင်ရွက်လျှက် ရှိရာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအတွင်း၌ ပြည်ခရိုင်တွင် မြို့သစ်ရပ်ကွက်၊ ဈေးလမ်းရှိ ဦးထက်လင်းအောင်၏ “ထက်လင်း” ဆန်ရောင်းဝယ်ရေး လုပ်ငန်း၊ ဒေါ်ကြည်စန်း၏ “KTT”ဆန်ရောင်းဝယ်ရေး လုပ်ငန်းသို့လည်းကောင်း၊ မြို့သစ်ရပ်ကွက် (၆/၄)ကွက် ၊ ဒေါ်ယုယုနိုင်၏ “မြတ်ကြယ်စင်” ဆေးဆိုင်သို့လည်းကောင်း၊ ရွှေတောင်မြို့နယ်တွင် ကြာနီကန်ရပ်ကွက် ကင်ပွန်းခြုံလမ်းရှိ ဒေါ်ခင်မာဝင်း၏ “လင်းရောင်ခြည်” ယိုမျိုးစုံလုပ်ငန်းသို့လည်းကောင်း၊ ကြာနီကန်ရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းရှိ ဦးမျိုးအောင်၏ “သရဖူ”ဆန်စက်သို့လည်းကောင်း၊ ပန်းတောင်းမြို့နယ်တွင် ဥသျှစ်ပင်ဒေသရှိ ဒေါ်ကြည်ကြည်လှိုင်၏ “ထက်အောင်” ဆန်ရောင်းဝယ်ရေး၊ ဦးကိုလေး၏ “အောင်မာဃ" အိမ်ဆောက်ပစ္စည်းဆိုင် လုပ်ငန်းသို့လည်းကောင်း၊ ဦးဇော်မိုးနိုင်၏ “ဆေးနန်းတော်”ဆေးဆိုင်သို့ လည်းကောင်း၊ ဒေါ်ဝင်းဥမ္မာ ဆန်ဆိုင်သို့လည်းကောင်း၊ ဦးတင်နိုင်ဝင်း၏ “သုခပြည့်စုံ” စိုက်ပျိုးရေးဆေးဆိုင် လုပ်ငန်းသို့လည်းကောင်း၊ ဦးမြတ်မိုးကျော်၏ “မိဘဂုဏ်ရည်” ဆေးဆိုင်သို့ လည်းကောင်း၊ ပေါက်ခေါင်းမြို့တွင် အမှတ်(၅)ရပ်ကွက်ရှိ ဦးစိုးနိုင်၏ ဆန်ဆိုင်လုပ်ငန်းသို့လည်းကောင်း၊ သက်ဆိုင်ရာမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်၍ မိမိတို့ ဖြန့်ဖြူးရောင်းချ လျက်ရှိသောကုန်စည်များတွင် အရည်အသွေး၊ အလေးချိန်၊ အချိန်အတွယ်၊ ပမာဏနှင့် အမျိုးအစားများ မှန်ကန်စွာဖြန့်ဖြူး ရောင်းချမှုရှိစေရေး၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်း နှင့်အညီ ထုတ်လုပ် ရောင်းချ မှုရှိစေရေး၊ ကုန်စည်အလိုက် ဖေါ်ပြရမည့် ကုန်အညွှန်း အမှတ်အသား များ၊ ပြည့်စုံမှန်ကန်စွာ ဖေါ်ပြ မှုရှိစေရေး လိုက်နာဆောင်ရွက်ကြရန်နှင့် နောက်ပိုင်း ကာလများတွင် ကွင်းဆင်းစစ်ဆေးမှုများနှင့် အတူ အရေးယူဆောင်ရွက်မှုများပြုလုပ် ဆောင်ရွက်သွားမှာဖြစ်သည့် အတွက် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် အထူးအလေးထား လိုက်နာ ဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
