
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် သီတင်းကျွတ်ကာလသည်မုန့် ရောင်းချသည့်ဆိုင်များ အရောင်းအဝယ်သွက်သည့်အခါ ဖြစ်သဖြင့် ရောင်းချသည့်မုန့်များတွင် စားသုံး သူအန္တရာယ်ကင်းစွာ သုံးစွဲနိုင်ရန်အတွက် အုတ်ဖိုမြို့နယ် စားသုံးသူရေးရာမြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် အုတ်ဖိုမြို့နယ်အတွင်း မုန့်ရောင်းချသည့် ဆိုင်များသို့ရှောင်တခင် ကွင်းဆင်း စစ်ခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် မုန့်ရောင်းချသည့်ဆိုင်များသည် သက်တမ်းကျော်လွန်သည့်မုန့်များ ရောနှောရောင်းချခြင်း မပြုကြရန် မြန်မာစာကုန်အညွှန်းအမှတ်အသားပါမှသာ ရောင်းချကြရန် ကုန်အညွှန်းအမှတ်အသားပါ အရေအတွက်အတိုင်း ရောင်းချကြရန် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန် များကို အပြည့်အဝလိုက်နာကြပါရန် မှာကြားခဲ့ပါသည်။
