
စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများကို ကြိုးစားပမ်းစား ဆောင်ရွက်လျက်ရှိရာ ၂၇.၉.၂၀၂၅ ရက်နေ့တွင် ညောင်လေးပင်မြို့တွင်းရှိ ဆေးဆိုင်များတွင် DUMEX DUPRO အမှတ်တံဆိပ် ကလေးငယ်ဖော်စပ်စာ အတုများ ရောင်းချခြင်း ရှိ/ မရှိကို ဌာနဆိုင် ရာများနှင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများ ဖြစ် ကြသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ညောင်လေးပင်မြို့ တွင်းရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ စစ်ဆေးရာတွင် ဆေးဆိုင်များအား စားသုံး သူရေးရာဦးစီးဌာန (ရုံးချုပ်)၏ လမ်းညွှန်ချက်အရ ဈေးကွက်ထဲတွင် DUMEX DUPRO အမှတ်တံဆိပ် ကလေးငယ်ဖော်စပ်စာအတုများ ရောင်းချနေသည်ဟု ကြားသိရကြောင်း၊ ၎င်းဖော်စပ်စာအတုများ ရောင်းချခြင်းမပြုရန်လည်း အသိပညာပေး ဟောပြောခဲ့ပါသည်။ စစ်ဆေးချက်များအရ ညောင်လေး ပင်မြို့တွင်းရှိ ဆေးဆိုင်များတွင် DUMEX DUPRO အမှတ်တံဆိပ် ကလေးငယ်ဖော်စပ်စာ အတုများ ရောင်းချခြင်းမရှိကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)
