ညောင်လေးပင်မြို့၊ မြို့မဈေး အပြင်တန်းတွင် “ မှန် (၆)မှန် ”ဖြင့် ရောင်းချခြင်း ရှိ/ မရှိ ဌာနဆိုင်ရာ များနှင့် ပူးပေါင်းစစ်ဆေး

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများကို အားတက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ၂၆.၉.၂၀၂၅ ရက်နေ့တွင် ညောင်လေးပင်မြို့၊ မြို့မဈေး အပြင်တန်းရှိ ရောင်းချလျက်ရှိသော ဆီဆိုင်များတွင် “ မှန် (၆)မှန် ”ဖြင့် ရောင်းချခြင်း ရှိ/ မရှိကို ဌာနဆိုင်ရာများ နှင့်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

          ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများ ဖြစ်ကြသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ညောင်လေးပင် မြို့၊ မြို့မဈေး အပြင်တန်း၌ ရောင်းချလျက်ရှိသော ဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ စစ်ဆေးရာတွင် ဆီဆိုင်များအား ပြည်သူများကို ဆီရောင်းချရာ၌ “ မှန် (၆)မှန် ”ဖြင့် ရောင်းချရန်၊ သတ်မှတ်ထားသည့် ရည်ညွှန်းဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မပြုရန်၊ ဆီများ ခြင်တွယ် ရာတွင် အလေးချိန်မှန်ကန်စေရန် အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါ သည်။

DOCA(ပဲခူး)