ချောင်းဆုံမြို့နယ်၌ “အသင့်သောက်အချိုရည်အမျိုးမျိုး” အား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    ၁၃.၁၀.၂၀၂၅ ရက်နေ့ နံနက် (၁၁း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ချောင်းဆုံမြို့နယ်၊ အမှတ်(၂)မြို့မဈေးအတွင်း “အသင့်သောက်အချိုရည်အမျိုးမျိုး” အား ကုန်အညွှန်းအမှတ် အသားပြည့်စုံမှု ရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးကွက်အတွင်း ရောင်းချနေသော အသင့်သောက်အချိုရည်အမျိုးမျိုးတို့တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အရကုန်စည်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြ ထားမှု ရှိ/မရှိ စစ်ဆေးခဲ့ရာ အဆိုပါ စျေးကွက်အတွင်း “အသင့်သောက်အချိုရည်အမျိုးမျိုး” တို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါရှိသော “အသင့်သောက်အချိုရည်အမျိုးမျိုး” ကိုသာရောင်းချနေကြောင်း သိရှိရပါသည်။

DOCA (မွန်)