
မြစ်သားမြို့နယ်တွင် အခြေခံစားသောက်ကုန်ပစ္စည်းများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူ ရရှိနိုင်ရေးအား ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာ ဦးစီးဌာနတို့ ပူးပေါင်းစီစဉ်မှုဖြင့် လုပ်ငန်းရှင်များနှင့်ညှိနှိုင်း၍ စားသုံးသူပြည်သူများအား သက်သာဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။ စက်တင်ဘာလ(၂၆) ရက်နေ့တွင် မြစ်သားမြို့၊ တောက်ပရစ်ဘုရားဝန်း၊ ကူမဲမြို့အတွင်း၌ အခြေခံစားသောက်ကုန်ပစ္စည်းများ ဖြစ်သော အမဲသား တစ်ပိဿာလျှင်(၂၅၀၀၀/-)ကျပ် ၊ ဝတ်သား တစ်ပိဿာလျှင် (၂၆၀၀၀/-) ကျပ် ၊ ဆိတ်သား (၁)ပိဿာလျှင်(၂၈၀၀၀/-)ကျပ်၊ ကြက်သား တစ်ပိဿာလျှင်(၂၀၀၀၀/-)ကျပ်၊ စားအုန်းဆီ (၁)ပိဿာ လျှင် (၇၆၈၀/-)ကျပ်နှင့် ဟင်းသီးဟင်းရွက်နှင့် ကြက်ဥ(၁၀)လုံး (၄၃၀၀/-)ကျပ်တို့ဖြင့် ရောင်းချ ပေးခဲ့ပြီး ပြည်သူများသက်သာဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် အပတ်စဉ် သောကြာနေ့တိုင်း သက်မှတ်ထားသောနေရာများတွင် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
