၂၀၂၅ ခုနှစ် ဗီယက်နမ်-ကမ္ဘောဒီးယားစီးပွားရေးဖိုရမ်ကျင်းပ

Powered by Drupal

          ဗီယက်နမ်-ကမ္ဘောဒီးယားစီးပွားရေးဖိုရမ် ၂၀၂၅ ကို ဟိုချီမင်းမြို့တော်တွင် အောက်တိုဘာလ ၁၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံစလုံးမှစီးပွားရေးလုပ်ငန်းများအကြား စီးပွားရေးချိတ်ဆက်မှုများအရှိန်မြှင့်တင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများတိုးချဲ့ရန် ရည်ရွယ်ကြောင်း သိရပါသည်။ အခမ်းအနားကို ဗီယက်နမ်-ကမ္ဘောဒီးယားချစ်ကြည်ရေးအသင်းနှင့် ဗီယက်နမ်နှင့် ကမ္ဘောဒီးယားအေဂျင်စီများက ပူးတွဲကျင်းပခြင်းဖြစ်ကြောင်း သိရပါသည်။ အခမ်းအနားတွင်  အမျိုးသားညီလာခံ ဒုတိယဥက္ကဌနှင့် ဗီယက်နမ်-ကမ္ဘောဒီးယားချစ်ကြည်ရေးအသင်း၏ ဥက္ကဌ ဖြစ်သူ Nguyen Thi Thanh က နှစ်နိုင်ငံဆက်ဆံရေးသည် လတ်တလောနှစ်များအတွင်း ဘက်ပေါင်းစုံအားကောင်းစွာ ဆက်လက်တိုးတက်ခဲ့ပြီး အထူးသဖြင့်စီးပွားရေး၊ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတို့ဖွံ့ဖြိုးတိုးတက်ခဲ့ကြောင်း၊ သို့သော် နှစ်နိုင်ငံ၏အလားအလာနှင့်နှိုင်းယှဉ်ပါက အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုသည် သင့်ရုံမျှသာရှိသေးပြီး အထူးသဖြင့် အစိမ်းရောင်စီးပွား ရေး၊ ပြည့်ဖြိုးမြဲစွမ်းအင်၊ နည်းပညာမြင့်စိုက်ပျိုးမွေးမြူရေး၊ ခရီးသွားကဏ္ဍနှင့် ကုန်သွယ်ရေးတို့တွင်ဖြစ်ကြောင်းနှင့် ဗီယက်နမ်သည် ကမ္ဘောဒီးယားစီးပွားရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံရန်နှင့် ထိရောက်စွာလည်ပတ်နိုင်ရန် သင့်လျော်ကောင်းမွန်သောအခြေအနေများကို ဖန်တီးပေးထားပြီး ကမ္ဘောဒီးယားအစိုးရသည်လည်း အပြန်အလှန်အကျိုးရှိသောဖွံ့ဖြိုးတိုးတက်ရေးအတွက် ကမ္ဘောဒီးယားတွင် ရင်းနှီးမြှုပ်နှံနေသည့် ဗီယက်နမ်လုပ်ငန်းများအား ဆက်လက်ပံ့ပိုးပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။ ဖိုရမ်သည် နှစ်နိုင်ငံစလုံးမှ စီးပွားရေးလုပ်ငန်းများအတွက် တွေ့ဆုံဆွေးနွေးရန်၊ အတွေ့အကြုံဝေမျှရန်နှင့် ပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းသစ်များ ရှာဖွေရန် စင်မြင့်တစ်ခုဖြစ်ခဲ့ကြောင်း သိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံကုန်သည်များအသင်း၏ ဒုတိယ ဥက္ကဌ Neak Oknha Lav Kang က ဖိုရမ်သည်လုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများက ကုန်စည်နှင့် ဝန်ဆောင်မှုများ ကုန်သွယ်မှုမြှင့်တင်ရန်နှင့် အလားအလာရှိသော ပူးပေါင်းဆောင်ရွက်မှုအတွက် အထူးအခွင့်အလမ်းဖြစ်ကြောင်းနှင့် ၂၀၂၅ ခုနှစ်တွင် အပြန်အလှန်ကုန်သွယ်ရေးကို အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံထိမြှင့်တင်လိုကြောင်း ပြောကြားခဲ့ပါသည်။ ဖိုရမ်တွင် ကိုယ်စားလှယ်များသည် နှစ်နိုင်ငံကြားလတ်တလော ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်ရေးပူးပေါင်း ဆောင်ရွက်မှု အထူးသဖြင့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်တင်ပို့မှု၊ အစားအစာပြုပြင်ထုတ်လုပ်မှု၊ ခရီးသွာကဏ္ဍ၊ အခြေခံအဆောက်အအုံနှင့် နည်းပညာတို့နှင့် ပတ်သတ်၍ ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။ ဖိုရမ်တွင် ဗီယက်နမ်၏ Visan ကုမ္ပဏီနှင့် ကမ္ဘောဒီးယား၏ Degrand Group တို့ကြား ကုန်ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုတို့တွင် ပူးပေါင်းဆောင်ရွက်ရန်အတွက် MoU လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် ၂ နိုင်ငံအပြန်အလှန်ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁၀.၁ ဘီလီယံရှိခဲ့ပြီး ၂၀၂၃ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၁၇.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)