
စားသုံးသူပြည်သူအားလုံး ကုန်စည်နှင့်ဝန်ဆောင်မှုများ သုံးစွဲရာတွင် ထိခိုက်နစ်နာမှုမရှိစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေး၊ ဥပဒေပြဌာန်းချက်များနှင့်ကိုက်ညီမှုမရှိဘဲ မမှန်မကန်ထုတ်လုပ်ဖြန့်ဖြူး ရောင်းချလျက်ရှိသော ကုန်စည်များနှင့်လုံခြုံစိတ်ချရမှုမရှိသော ကုန်စည်များ လျော့နည်းပပျောက်သွား စေရေးတိုအတွက် နေရာစုံ၌ နည်းလမ်းပေါင်းစုံဖြင့် စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် စားသုံးသူ ပြည်သူတစ်ရပ်လုံးကို အသိပညာပေးလျက်ရှိသလို တဖက်မှလည်း ဈေးကွက်များအတွင်းရောင်းချမှု မရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို အစဉ်တစိုက် ဆောင်ရွက်လျက်ရှိပါသည်။
(၉.၁၀.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ၊ မြင်းခြံ ခရိုင်ဦးစီးမှူးရုံးမှ စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံ ဦးစိုးမိုးထွန်း(ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ မြင်းခြံမြို့ရှိ ရွှေပင်လုံ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြသည်။ ဌာနခွဲတာဝန်ခံနှင့်အဖွဲ့ဝင်များသည် အရည်အသွေး မပြည့်မီသည့်ဆေးဝါးများ၊ ဆေးဝါးအတုများ၊ သက်တမ်းလွန်ဆေးဝါးများနှင့်ခွင့်ပြုလိုင်စင်မရှိသည့် ထိန်းချုပ်ဆေးဝါးများအား ရောင်းချခြင်းများမရှိစေရေး ၊ သက်ဆိုင်ရာဌာနထောက်ခံချက် ပါဝင်သော ဆေးဝါးများနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများနှင့် ကိုက်ညီ သောဆေးဝါးများသာ ရောင်းချစေရေးတို့အတွက် စစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီး၊ စစ်ဆေးမှုများတွင် သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိသော ဆေးဝါးများကိုသာ ရောင်းချမှုရှိကြောင်း တွေ့ရှိရပြီး ပူးပေါင်း အဖွဲ့အနေဖြင့် စားသုံးသူပြည်သူများ ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲရာတွင် လုံခြုံစိတ်ချရမှုရှိပြီး၊ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်းများနှင့်သာ ဝယ်ယူသုံးစွနိုင်ရေး၊ ထိခိုက်နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးတို့အတွက် စဉ်ဆက်မပြတ်ဈေးကွက်စောင့် ကြည့်စစ်ဆေးမှု များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
DOCA(မန္တလေး)
