ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ သီးတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်)နေ့၌ ဖုရားဖူးပြည်သူများနှင့်စည်းကားခဲ့

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ သီတင်းကျွတ် လပြည့်(အဘိဓမ္မာအခါတော်)နေ့တွင် ခရီးသွားဘုရားဖူးပြည်သူများ တစ်သိန်းခွဲကျော်ခန့် လာရောက် ခဲ့ကြောင်း ဟိုတည်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ) ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင် ထံမှ သိရသည်။

        သီတင်းကျွတ်ရုံးပိတ်ရက်အတွင်း ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း မြန်မာ ပြည်အရပ်ရပ်မှ ခရီးသွားဘုရားဖူးပြည်သူများသည် သမိုင်းအထင်ကရ ဘုရားများ၊ သာသနိက အဆောက်အဦများ၊ အပန်းဖြေစခန်းတို့တွင် ပျော်ရွှင်စွာလည်ပတ်အပမ်းဖြေလျက်ရှိပါသည်။ ဘုရားဖူး ပြည်သူများသည် ဘုရားဈေးများတွင် ရောင်းချနေသည့် ပုဂံသမိုင်းစာအုပ်များ၊ ပုဂံသုတေသန စာအုပ် များ၊ ပုဂံသမိုင်းရုပ်ပြစာအုပ်များ၊ ပုဂံဒေသထွက်ယွန်းပစ္စည်းအမျိုးမျိုး၊ မန်ကျည်းပလိတ်၊ မန်ကျည်း တော်ဖီ၊ ပုဂံဒေသထွက် ပုဂံရောက်အမှတ်တရအဝတ်အစားများ၊ ဒေသထွက်ထန်းလျက် စသည့်ထုတ် ကုန်များအား ဝယ်ယူမှုများပြားလျက်ရှိသည်။ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း လေ့လာရေး ခရီးသွားများ၊ ဘုရားဖူးသူများဖြင့် များပြားလျက်ရှိနေကာ ရွှေစည်းခုံဘုရား၊ တုရင်တောင်စွယ်တော် မြတ်စေတီ၊ လောကနန္ဒာစွယ်တော်မြတ်စေတီ၊ မဟာငှက်ပစ်တောင်ဘုရား၊ ထီးလိုမင်းလိုဘုရား၊ အလိုတော်ပြည့်ဘုရား၊ အာနန္ဒာဘုရား၊ မဟာဗောဒိဘုရား၊ ဗူးဘုရား၊ သဗ္ဗညုဘုရား၊ ဓမ္မရံကြီးဘုရား၊ ကန်တော့ပလ္လင်ဘုရား၊ စူဠာမဏိဘုရား၊ပြဿာဒ်ကြီးဘုရား၊ဓမ္မရာဇကဘုရား၊ မြစေတီဘုရား၊ မနုဟာ စသည့်ဘုရားစေတီများတွင် ဘုရားဖူးပြည်သူများဖြင့် စည်းကားခဲ့ကြောင်းသိရသည်။  

DOCA(မန္တလေး)