
စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးမှ ဦးမြင့်နိုင်(စစ်ဆေးရေးအရာရှိ)နှင့် အဖွဲ့ သည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းများမှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊ မြေပြင် လုပ်ငန်းနှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/ မရှိ၊ လုပ်ငန်းလိပ်စာ မှန်ကန်မှု ရှိ/ မရှိတို့ကို (၂၁-၁၀-၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဂုံးမင်းအင်းကျေးရွာ၊ တဲကြီးကုန်းအုပ်စု၊ ဇမ္ဗူသီရိမြို့ နယ်ရှိ “သီရိ-နေပြည်တော်”အလှကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများရောင်းချသည့် လုပ်ငန်းသို့သွား ရောက် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည်များ မေး မြန်းခြင်း၊ မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/ မရှိ စစ်ဆေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်ဝတ္တရားများနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၇)ရှိ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်၍လည်းကောင်း တရားမဝင်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။
DOCA(နေပြည်တော်)
