
စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်းဦးဆောင် ၍ ကျောက်ပန်းတောင်းမြို့နယ် မြို့မဈေးအတွင်းရှိ ဆန်လက်လီလက်ကားရောင်းချသော ဦးမြင့်အောင်ဆန်ဆိုင်သို့၂၅-၉-၂၀၂၅ရက်နေ့နံနက်(၀၉:၀၀)နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေး ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းဆောင်ရွက်ရာ၌ ဦးမြင့်အောင်ဆန်လက်လီလက်ကား အရောင်းဆိုင်တွင် ရောင်းချနေသော ဆန်အမျိုးအစားများမှာ ရွှေဘိုပေါ်ဆန်း (၂၄)ပြည်တစ်အိတ် လျှင် (၁၄၀၀၀၀) ကျပ်၊ ဧရာပဒေသာ(၂၄)ပြည်တစ်အိတ်လျှင် (၁၂၅၀၀၀) ကျပ်၊ ဖန်သီးသုခ (၂၄)ပြည်တစ်အိတ်လျှင်(၇၀၀၀၀)ကျပ်ဖြင့် သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းချလျက် ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဦးမြင့်အောင် ဆန်ဆိုင်ပိုင်ရှင်အား ဈေးကွက်အတွင်း ဆန်များ ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ ဈေးနှုန်းများ တည်ငြိမ်စေရေး၊ ဈေးနှုန်းမြှင့် တင်ရောင်းချခြင်း များမပြုလုပ်ရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်းခြင်းများ မပြုလုပ် ရန်နှင့် ဆန်သိုလှောင်ရုံမှတ်ပုံတင် သက်တမ်းပြည့်ပါက MyRO တွင်ဆက်လက်မှတ်ပုံတင် သက်တမ်း တိုးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားရန် စသည်တို့ကိုဆွေးနွေး ပြောကြား ခဲ့ကြောင်း သိရှိ ရသည်။
DOCA(မန္တလေး)
