
ကယားပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ( ၂၂ )ရက် နေ့၊ နေ့လယ် (၁၅:၀၀)နာရီအချိန်တွင် စီးပွားရေးရာဝန်ကြီးရုံးခန်း၌ ပြည်နယ်စားသုံးသူ ရေးရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၅) ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ရာ ပြည်နယ်စားသုံးသူရေးရာကော်မတီ ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များတက် ရောက်ခဲ့ပါသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်စားသုံးသူရေးရာကော်မတီ ဥက္ကဌ က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူးက အစည်း အဝေးတွင် တင်ပြထားသည့် အမှာစာများအား ဖတ်ကြားရှင်းလင်းပြီးနောက် တက်ရောက် လာသော အဖွဲ့ဝင် အသီးသီးက ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA(ကယား)
